ဂျာမဏီ၊ ဆွစ်ဇာလန်၊ ပြင်သစ်၊ ဘယ်ဂျီယံ၊ အီတလီ - ဥရောပ ၅ နိုင်ငံ ခရီးစဉ်(၁၆ ရက် -၁၅ ညအိပ်)

 

ဂျာမဏီ၊ ဆွစ်ဇာလန်၊ ပြင်သစ်၊ ဘယ်ဂျီယံ၊ အီတလီ - ဥရောပ ၅ နိုင်ငံ ခရီးစဉ်(၁၆ ရက် -၁၅ ညအိပ်)


 

Day 1

ရန်ကုန်မှ ထွက်ခွါရန် : -

ရန်ကုန် - ဘန်ကောက် ခရီးစဉ် TG 306/7:45 pm - 9:40 pm ဖြင့်သော်လည်းကောင်း

ရန်ကုန် - စင်ကာပူ ခရီးစဉ် MI 517/4:40 pm - 9:15 pm ဖြင့်သော်လည်းကောင်း စတင်မည်ဖြစ်ပါသည်။

Day 2

ပြင်သစ်နိုင်ငံသို့ ရောက်ရှိလည်ပါတ်ရန် : -

ဘန်ကောက် - ပါရီ ခရီးစဉ် TG 930/00:05 am - 7:05 am ဖြင့်သော်လည်းကောင်း

စင်ကာပူ - ပါရီ ခရီးစဉ် SQ 334/11:55 pm - 7:20 am ဖြင့်သော်လည်းကောင်း ရောက်ရှိမည် ဖြစ်ပါသည်။

ပြင်သစ်နိုင်ငံ ပါရီမြို့သို့ နံနက်ပိုင်းအလှအပများကိုခံစားကြရပြီးနောက် အောက်ဖော်ပြပါ ထင်ပေါ်ကျော်ကြားသည့် နေရာအနှံ့ ခြေဆန့်ခွင့် လေ့လာရှုစားခွင့် ရရှိကြမည်ဖြစ်ပါသည်။

Arc de Triomphe, Opera, Madeieine, Louvre မိုနာလီစာပန်းချီကားရှိရာ ကမ္တွာပေါ်တွင် အကြီးဆုံး ပန်းချီပြတိုက်၊ Notre Dame ဘုရားကျောင်း Champs-Elysees လမ်းမကြီးများသို့ လည်ပတ်အပြီး ပါရီမြို့ ဟိုတယ်တစ်ခုတွင် နားနေအိပ်စက် ကြပါမည်။

Day 3

ပြင်သစ်နိုင်ငံ အတွင်း လည်ပါတ်ရန် : -

Eiffel ကမ္တွာ့ထင်ပေါ်ကျော်ကြားသည့်မျှော်စင်ကြီးပေါ်မှ မြို့ ဒေသ အလှအပကို အပေါ်စီးမှ လေ့လာခံစားကြရ ပြီးနောက် လည်ပတ် ဈေးဝယ်ကြရမည်ဖြစ်ပြီး ပါရီမြို့ ဟိုတယ်တစ်ခုတွင် နားနေအိပ်စက် ကြပါမည်။

Day 4

ပြင်သစ်နိုင်ငံ ပါရီမြို့တွင် : -

Versailes Palace တွင် လူးဝစ်ဘုရင်၏ လက်ရာများကို လေ့လာကြည့်ရှုကြပြီးနောက် ၃၀၅ ကီလိုမီတာသာ ဝေးကွာသည့် ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့သို့ ခရီးဆက်ကြပြီး မြို့တွင်းဟိုတယ်တစ်ခုတွင်ပင် တစ်ညအိပ် တည်းခိုရပ်နား ကြမည် ဖြစ်ပါသည်။

Day 5

ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့တွင် : -

Royal Palace, Manneken Pis, Grand Place, Cinquantenaire Park & Triumphal Arch စသည့် အထင်ကရ နေရာများ လည်ပတ် လ့လာကြည့်ရှုကြပြီးနောက် ၂၁၀ ကီလိုဝေးသော အနောက်ဂျာမဏီ ကိုလုံမြို့သို့ ခရီးဆက်ကြပြီး မြို့တွင်းဟိုတယ်တစ်ခုတွင်ပင် တစ်ညအိပ် တည်းခိုရပ်နား ကြမည် ဖြစ်ပါသည်။

Day 6

ဂျာမဏီနိုင်ငံ လိုလုံမြို့တွင် : -

Gros St., Martin, Cologne Cathedral, The Hohenxollernbrucke, and the river Rhein စသည့် တို့တွင် လည်ပတ် လ့လာကြပါမည်။

ထို့နောက် ၂၅၄ ကီလိုမီတာဝေးကွာသည့် ဂျာမဏီ ဟိုင်ဒဲလ်ဘတ်မြို့ Heidelberg မြို့သို့ ခရီးဆက်ထွက်ခွါကြပြီး The Castle on the hill and The Bridge of the Necker River တို့ကို လေ့လာစူးစမ်းကြရပါမည်။ ဆက်လက်ပြီး ၂၀ ကီလိုသာဝေးတော့သည့် မန်နဟိန်းမြို့သို့ ဆက်လက်ထွက်ခွါ လာကြကာ မြို့တွင်းမှ ဟိုတယ်တစ်ခုတွင်ပင် တစ်ညအိပ် တည်းခိုရပ်နား ကြမည် ဖြစ်ပါသည်။

Day 7

ဂျာမဏီနိုင်ငံ မန်နဟိန်းမြို့ မှ: -

မန်နဟိန်းမြို့မှ ၃၂၈ ကီလိုမီတာ အကွာရှိ နာမည်ကြီးစီးပွါးရေးမြို့တော် ဇူးရစ် Zurich သို့ ခရီးနှင်ကြပါမည်။ ဇူးရစ်တွင် River of Limmat, Hauptbahnhof Main Hall, Augustinergasse, Zurichကန် စသည်တို့သို့ လှည့်လည်ကြပါမည်။

ထိုမှတဆင့် ၅၁ ကီလိုမီတာ ထွက်ခွါလာကြကာ သာယာလှပတင့်တယ်နေသည့် လူဇမ်းမြို့မှ Lion Monument, Chapel Bridge, Jesuit Church စသည်တို့သို့ လည်ပတ်ကြရပါဦးမည်။ ထိုမြို့အလှကို ခံစားရင်း ဟိုတယ် တစ်ည အပန်းဖြေကြရပါဦးမည်။

Day 8

ဂျာမဏီနိုင်ငံ လူဇမ်းမြို့ မှ: -

လူဇမ်းမြို့မှ ၆၅ ကီလိုမီတာဝေးသည့် Alpen Titlis ရေခဲတောင်ကို လေ့လာကြမည်။ ထိုမြို့မှ ၂၅၀ ကီလိုမီတာ အကွာသာရှိသည့် အီတလီနိုင်ငံ မီလံမြို့သို့ ခရီးဆက်ကြပါဦးမည်။ မီလံမြို့မှ ဟိုတယ်တွင် တစ်ညအိပ်ကြရပါမည်။

Day 9

အီတလီနိုင်ငံ မီလံမြို့ မှ: -

ထင်ရှားလှသည့် Palace, Plazza del Duomo, Castello Sforzesco, La Scala Opera House တို့ကို လိုက်လံ ကြည့်ရှုကြပြီးနောက် ၂၈၀ ကီလိုမီတာခရီးပေါက်ပြီးလျှင် အီတလီနိုင်ငံ ဗင်းနစ်မြို့ သို့ရောက်ရှိကာ ဟိုတယ်တွင် တစ်ညအိပ်ကြရပါဦးမည်။

Day 10

အီတလီနိုင်ငံ ဗင်းနစ်မြို့ တွင်: -

St. Marco’s ရင်ပြင်ကြီး

Doges’ Palace Brigdge of Sighs စသည်တို့ကို လျှောက်ပတ် လှည့်လည် ကြည့်ရှုကြပြီး ဟိုတယ်တွင် ပြန်လည် နားနေ အိပ်စက် ကြရပါမည်။

Day 11

အီတလီနိုင်ငံ ဗင်းနစ်မြို့ မှ: -

၃၃၉ ကီလိုမီတာကွာဝေးသည့် ပီဆာမြို့သို့ ခရီးနှင်ကာ ပီဆာတာဝါတွင် လေ့လာကြည့်ရှုကြပါမည်။ ဆက်လက်ပြီး ၈၅ ကီလိုမီတာသာကွာဝေးသည့် ဖလော်ရင့်စ်မြို့သို့ ထွက်ခွါလာပြီး ဟိုတယ်တွင် တစ်ညတစ်ထောက် တည်းခို နားနေ ကြရပါမည်။

Day 12

အီတလီနိုင်ငံ ဖလော်ရင့်စ်မြို့ မှ: -

ကမ္တွာ့အကြီးဆုံးကျောင်း Acadamy of Fine Arts, Giotto Tower, Gate of Paradise, Signaria ရင်ပြင် စသည့် နေရာစုံသို့ သွားရောက် လှည့်လည်ကြည့်ရှုကြရပါမည်။

ပြီးနောက် ၂၉၀ ကီလိုမီတာသာဝေးသည့် ကမ္တွာ့အထင်ကရ ရောမမြို့သို့ သွားရောက်ပြီး ဟိုတယ်တွင် တစ်ည အပန်းဖြေရင်း ရောမညကို ခံစားကြရပါမည်။

Day 13

အီတလီနိုင်ငံ ရောမမြို့ တွင်: -

ကမ္တွာ့အထင်ကရနေရာများဖြစ်သည့် Collosseum, Roman Forum, The Trevi Fountain, Pantheon, Santa Maria in Cosmedin, Montra of the Mouth, the Plaza Novana, the Tiber River, Basilica နေရာများနှင့် Spain and St. Peter ရင်ပြင်နေရာများသို့ အစုံအနှံ့ ခရီးဆန့် လေ့လာကြရမည် ဖြစ်ပါသည်။

ပြီးနောက် ရောမမြို့မှ ဟိုတယ်တွင်ပင် တစ်ည အပန်းဖြေကြရပါဦးမည်။

Day 14

အီတလီနိုင်ငံ ရောမမြို့ မှ: -

ကမ္တွာကျော် ဗာတီကန် ပြတိုက်ကြီးကို လေ့လာကြမည်။ အမှတ်တရပစ္စည်းများ လှည့်လည် ဝယ်ယူကြပြီးနောက် ရောမမြို့မှ ဟိုတယ်တွင်ပင် တစ်ညအိပ် အပန်းဖြေ နားနေ နှုတ်ဆက်ကြရပါမည်။

Day 15

ကမ္တွာကျော် အီတလီနိုင်ငံ ရောမမြို့ မှ: -

ရောမ - ဘန်ကောက် ခရီးစဉ် TG 945/01:55 pm - 5:35 am ဖြင့်သော်လည်းကောင်း

ရောမ - စင်ကာပူ ခရီးစဉ် SQ 365/11:55 pm - 6:00 am ဖြင့်သော်လည်းကောင်း ပြန်လာကာ လေယာဉ်ပေါ်တွင်ပင် ထိုတစ်ည ကုန်ဆုံးကြရပါမည်။

Day 16

ခရီးစဉ်၏ နောက်ဆုံးတစ်နေ့အတွက် း -

ဘန်ကောက် - ရန်ကုန် ခရီးစဉ် TG 303/7:55 am - 8:50 am ဖြင့်သော်လည်းကောင်း

စင်ကာပူ - ရန်ကုန် ခရီးစဉ် MI 512/7:55 am - 9:20 am ဖြင့်သော်လည်းကောင်း မိမိဌာနေ ရန်ကုန်မြေသို့ ပြန်လည် ရောက်ရှိကြရမည် ဖြစ်ပါသည်။

Contact Us

Address

RGN Office: No.199, Second Floor, Baho Rd., Ward(1), Kamayut Tsp., Yangon Myanmar.
Your message has been sent. Thank you!