အမေရိကန်နိုင်ငံ ခရီးစဉ်

 

အမေရိကန်နိုင်ငံ ခရီးစဉ်

(11/15 Days’ USA Trip)

၁၀ ရက်ခရီးစဉ်ဟုဆိုရာတွင် ၁၁ ရက်ကြာမှလည်းကောင်း၊ ၂ ပါတ် ခရီးစဉ်တွင် ၁၅ ရက်ကြာမှလည်းကောင်း မြန်မာပြည် ပြန်ရောက်မည်။ လေယာဉ်ခ ဗီဇာကြေးအပါအဝင် စားရိတ်ငြိမ်း $၅၁၀၀/၅၅၀၀ ။

 

ပထမနေ့ Yangon- Los Angeles (D)

(CI-7916/ RGN-TPE/11:00AM-06:35PM) & (CI-006/TPE-LAX/ 5:10PM-2:40 PM)

တိုင်ပေမှ Los Angeles သို့ မွန်းလွဲပိုင်းတွင် ရောက်ရှိပြီး ဆက်လက် ၍ Hollywood Dobby ကဇာတ်ရုံ Grumman ၏ တရုတ်ကဇာတ်ရုံ များသို့လည်ပတ်ကာ ရုပ်ရှင်နှင့် အနုပညာကြယ်ပွင့်များ၏ လက်ဝါးရာ ခြေဖဝါးရာများဖြင့် ဓါတ်ပုံရိုက် နိုင်သည်။ NBA Basket Ball အသင်း၏ Laker အိမ်ကွင်း နှင့် LA Time square တို့ကို လည်ပတ်ကြမည်။Beverly Hills in Rodeo DriveLV စသည့် နာမည်ကြီး ကုန်ပစ္စည်း များကို ဈေးဝယ်နိုင်ပါသည်။ ထို့နောက် ညစာစားပြီး ဟိုတယ်သို့ဝင်ရောက် အနားယူပါမည်။

 

ဒုတိယနေ့ . Los Angeles : (B, - , D) (Sightseeing)

မနက်စာသုံးဆောင်ပြီးနောက် ကားဖြင့် ၄၅ မိနစ်သွားရသော Universal Studio သို့ လည်ပတ်ခြင်း၊ ကား-ရထားစီးကာ ရုပ်ရှင်နှင့် တီဗွီများ မည်သို့မည်ပုံ ဖန်တီး ရိုက်ကူးကြကြောင်း “behind the sense tour” ကို ကြည့်ရှုလေ့လာမည်။ ကောင်းဘွိုင်များ၏ ရယ်ရွှင်ဖွယ်စတန့်ပွဲများ၊ Jaws ဇာတ်ကားမှ ငါးမာန်းဖြူကြီး၏ တိုက်ခိုက်ရန် ချင်းကပ်လာခြင်းများ၊ ဖန်တီးထားသော မြေငလျင် လှုပ်ရှားမှုများ၊ Water Would ရေကမ ္ဘာရုပ်ရှင်၏ ဖမ်းစားဆွဲခေါ်မှုများ၊ Jurassic Park ရုပ်ရှင်ကား၏ စိတ်ဝင်စားဖွယ်အကောင်းဆုံးပြကွက်များနှင့် ရုပ်ရှင်ဇာတ်ကားများ၏ မီးတောက်မီးလျှံနောက်ခံမြင်ကွင်း များ ဖန်တီးပုံများကို ခံစားတွေ့ကြုံကြရမည်။ နေ့လည်စာကို မိမိအစီအစဉ်ဖြင့် သုံး ဆောင်ကြပြီးနောက် Griffiti Observatoryများ ကြည့်ရှုရင်း LAတစ်မြို့လုံးကို ဆီးမြင်ရသည့်နေရာမှ Hollywoodဆိုင်းဘုတ် တွင် ဓါတ်ပုံရိုက်ကြမည်။ အပြန်တွင် ညစာဝင်စားပြီးနောက် ဟိုတယ်သို့ ပြန်လည်နားကြမည်။

 

တတိယနေ့. Los Angeles San Diego Los Angeles (B, L, D)

နံနက်စာသုံးဆောင်ကြပြီးနောက် Los Angeles မှ San Diegoမြို့သို့ ထွက်ခွါပြီး ထိုမြို့တွင် ဒုတိယ ကမ ္ဘာ စစ်အတွင်း လေယာဉ်တင်သင်္ဘောကြီး (USS Mid Way) ကို အသွင်ပြောင်းထားသော စစ်ပြတိုက်ကြီး၊ အမေရိကားတွင် အကြီးဆုံးဖြစ်သည့် ဘာဘိုးဝါးဥယျာဉ် နှင့် အထင်ကရ နာမည် ကျော်ကြားသော safari wild life တိရိစ္ဆာန် ဥယျာဉ်၊ (သို့မဟုတ်) အမေရိကန်နိုင်ငံတွင် အကောင်းဆုံး ဖြစ်သော water world ရေအောက်ကမ ္ဘာ၊ တို့ကို လေ့လာကြပြီး Los Angeles မြို့မှ ဟိုတယ်တွင် ပြန်လည် တည်းခိုအိပ်စက်ကြပါမည်။ (မှတ်ချက်။ ၁ ည အိပ် ၂ ရက်ဆိုလျှင် အလုံးစုံ ကြည့်နိုင်ပါမည်။)

 

 

 

 

 

စတုတ္ထနေ့ Los Angeles Las Vegas (B, L, D)

နံနက်စာသုံးဆောင်ကြပြီးနောက် Los Angeles မှ Las Vegas မြို့သို့ ထွက်ခွါကြကာ လမ်းတွင် ဟူးဗါး ရေကာတာကို ဝင်ရောက်လေ့လာကြပြီး Las Vegas မြို့မှ ဟိုတယ်တွင် တည်းခိုကြပါမည်။

ပဉ္စမနေ့ Las Vegas (B, L, D)

နံနက်စာသုံးဆောင်ကြပြီးနောက် City Tour နှင့် Grand Canyon မဟာချောက်ကမ်းပါးကြီးကို (ဖန်ဖြင့် ဆောက်ထားသော စက်ဝိုင်းခြမ်းပုံ စင်္ကြံတံတားကြီးကို ဖြတ်လျှောက်၍) လည်ပတ်ကြပါမည်။ အောက် ဖက်တွင်ပတ်ခွေစီးဆင်းနေသော ကိုလိုရာဒိုမြစ်ကို ဟယ်လီကော့ပတာဖြင့် လိုက်လံကြည့်ရှုခြင်း၊ မြစ် ကမ်းပါးတွင်ရပ်နားစဉ် မော်တော်ဘုတ်ဖြင့် မြစ်ကြောင်းတစ်လျှောက်လေ့လာခြင်းများကို မိမိအစီအစဉ် ဖြင့် ခံစားနိုင်ရန်လည်း အချိန်ပေးပါမည်။ ပြီးနောက် Las Vegas မြို့၏ ကမ ္ဘာကျော် ညအလှရှုခင်း များကို ခံစားကြမည်။ ညစာသုံးဆောင်ပြီးနောက် မြို့တွင်းဟိုတယ်တွင်ပင်ပြန်လည်နားခိုကြပါမည်။

 

 

 

 

ဆဋ္ဌမနေ့ Las Vegas Niagara Fall / Buffalo City (B, L, D)

Las Vegas မှ မနက်လေယာဉ်ဖြင့် ထွက်ခွါပြီး Buffalo City သို့ ရောက်ရှိကာ ကနေဒါနယ်စပ်ရှိ ကမ ္ဘာ့ အကြီးဆုံး Niagara Fall နိုင်ယာဂရာရေတံခွန် အနီးတွင် ညအိပ် တည်းခိုကြပါမည်။

သတ္တမနေ့ Niagara Fall/Buffalo City WDC (၃၆၀ မိုင်) (B, L, D)

ယနေ့တွင် Niagara Fallကို လှည့်လည်ကြပြီးနောက် (ရာသီဥတုကောင်းလျှင်) Maid of the Mist Boat ဖြင့် ရေတံခွန်ကို ထိတွေ့ခံစားနိုင်ပါမည်။ ထို့နေ့တွင် BuffaloCity မှWash ington DCသို့ ထွက်ခွါ လာရာလမ်းတွင် Hersheyချောကလက်စက်ရုံသို့လည်းကောင်း၊ Corning Glass Center နှင့် Museum သို့လည်းကောင်း အချိန်ရလျှင် ဝင်ရောက်လည်ပတ်ကြပြီးနောက် WDC ဟိုတယ်၌ တည်းခိုကြပါမည်။

 

 

အဋ္ဌမနေ့ Washington DC (B, L, D)

နံနက်စာသုံးဆောင်ကြပြီးနောက် ဝါရှင်တန်ဒီစီမြို့တွင်းသို့ လှည့်လည်ရင်း သမတအိမ်ဖြူတော် White HouseThe Capitol Hall Building၊ သမတJefferson အထိမ်းအမှတ်ဗိမ္မ္မာန်၊ သမတ Lincoln အထိမ်းအမှတ်ဗိမ္မ္မာန်၊ သမတRoosevelt အထိမ်းအမှတ်ဗိမ္မ္မာန်နှင့် ဒုတိယကမ ္ဘာစစ်ပြန်သူရဲကောင်း များ အထိမ်းအမှတ်ဗိမ္မ္မာန်၊ ကိုးရီးယားစစ်ပွဲပြန် သူရဲကောင်းများ အထိမ်းအမှတ်ဗိမ္မ္မာန်နေရာတို့အား လည်ပတ်ပြီး အမှတ်တရဓါတ်ပုံများ ရိုက်ကူးကြမည်။ ထို့ပြင် Washington DC ရှိ လေကြာင်းပြတိုက် (သို့) သဘာဝသမိုင်းပြတိုက် (သို့) အခြားသော အနီးအနားရှိ ပြတိုက်အချို့ကို နေ့လည်စာနှင့် ညစာ ကြားတွင် လည်ပတ်ကြည့်ရှုကြပါမည်။ ညစာသုံးဆောင်ပြီးချိန်တွင် ဟိုတယ်ပြန်နားကြပါမည်။

 

နဝမနေ့ WDC Philadelphia New York (B, L, D)

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ကြပြီးနောက် Philadelphia မြို့သို့ ကားဖြင့် ထွက်ခွါကြပါမည်။ Pennsylvania ပြည်နယ်၏ မြို့တော်ဖြစ်သော Philadelphia တွင် သမတ Benjamin Franklin ၏ အထိမ်းအမှတ်ဗိမ္မ္မာန်၊ လွတ်လပ်ရေးခေါင်းလောင်းထားရှိရာနေရာသစ်နှင့် လွတ်လပ်ရေးခန်းမ စသည် တို့ကို လေ့လာကြည့်ရှုကြပြီးနောက် New York သို့ ဆက်လက်ထွက်ခွါခဲ့ပြီးလျှင် New York မှ ဟိုတယ်တွင် ညအိပ်တည်းခိုကြပါမည်။

 

ဒဿမနေ့ NY City Tour, United Nation (B, L, D)

New York မြို့တော် အတွင်းနှင့် အနီးအနားရှိ အထင်ကရအဆောက်အအုံနှင့် UN - ကုလသမဂ္ဂရုံး နေရာများကို လည်ပတ်ကြမည်။ Wall Street Stock Exch-ange Centers နှင့် Charging Bull Sculpture Empire State Building UN Headquarter Rock Feller Center Time Square တို့သို့ လည်ပတ် ကြပြီးလျှင် Fifth Avenue တွင် အဆင့်မြင့် လူသုံးကုန် ပစ္စည်းများ လေ့လာကြပြီး နှစ်သက်ရာရာ အမှတ်တရပစ္စည်းများဝယ်ကြမည်။ New York မှ ဟိုတယ်တွင်ပင် ညအိပ်ပါမည်။

 

ဆယ့်တစ်ရက်မြောက်နေ့ NY, Liberty Statue Boston (B, L, D)

New York မြို့တော် အတွင်းနှင့် အနီးအနားရှိ အထင်ကရအဆောက်အအုံနှင့် နေရာများကို လည်ပတ် ကြမည်။ ကမ ္ဘာကျော် Liberty ရုပ်တုကြီးတည်ရှိရာ ရေလည်ကျွန်းသို့ သင်္ဘောငယ်ဖြင့် Manhattan လှေဆိပ်မှ ထွက်ခွါ လည်ပတ်၍ အမှတ်တရ ဓါတ်ပုံများ ရိုက်ကြ လည်ပတ်ကြပြီးလျှင် Boston မြို့သို့ ဆက်လက်ထွက်ခွါကာ Boston တွင် ညအိပ်ပါမည်။

 

ဆယ့်နှစ်ရက်မြောက်နေ့ Boston (Sight-seeing and Shopping)

Boston မြို့တွင် MIT (Massachu-setts Institute of Technology) Massachusetts ပြည်နယ်အစိုးရ အဖွဲ့ရုံး အဆောက်အအုံ နှင့် Harvard University နှင့် USAတွင် အထင်ရှားဆုံးဖြစ်သည့် ဘော်စတွန် အမျိုးသားဥယျာဉ်တို့ကို လည်ပတ်ကြပြီး Boston တွင် ညအိပ်မည်။

 

 

ဆယ့်သုံးရက်မြောက်နေ့ Boston NY (B, L, D) (Sight-seeing and Shopping)

Boston မြို့တွင် လည်ပတ်ကြပြီးနောက် နေ့လည်ဖက်တွင် New York မြို့တော်သို့ အပြန်လမ်းတွင် နေ့လည်စာစား၊ out-letတွင် ဈေးဝင်ဝယ်ကြပြီးနောက် လေဆိပ်သို့ ပို့ဆောင်ကာ ညစာစားကြမည်။

ဆယ့်လေးရက်မြောက်နေ့ တွင် လေယာဉ်ပျံကို ညသန်းခေါင်ကျော်စ နံနက်စောစော ဂျွန်အက်ဖ် ကနေဒီလေဆိပ်မှ စီးကာ တိုင်ပေမှ တဆင့် ရန်ကုန်သို့ ပျံသန်း ထွက်ခွါပါမည်။

 

 

 

အကယ်၍ ၁၀ ရက် ခရီးစဉ်ဖြစ်ပါက ဘော့စတွန်မြို့ Boston ကို မလည်ပတ်နိုင်တော့ဘဲ ဝါရှင်တန်ဒီစီမြို့ Washington DC တွင် (၁ ညအိပ် ၁ ရက်) နှင့် နယူးရောက်မြို့ New York တွင် (၂ ညအိပ် ၂ ရက်) သာ တည်းခိုလည် ပတ်ကြမည် ဖြစ်ပါသည်။

Contact Us

Address

RGN Office: No.199, Second Floor, Baho Rd., Ward(1), Kamayut Tsp., Yangon Myanmar.
Your message has been sent. Thank you!